သင်ကြားရေး ၊ သုတေသန နဲ့ ပုံနှိပ်ထုတ်ဝေရေး

သင်ကြားရေး သုတေသန ပုံနှိပ်ထုတ်ဝေရေး အုပ်ချုပ်ရေးဆိုပြီး အခြေခံအားဖြင့် ပညာရေး သဘောသဘာ၀ ၄ ခု ကို တည်ထားလိုက်တယ်ဆိုပါစို့။ ခေါင်းစဉ်ကတော့ ၄ ခုကွဲနေပေမယ့် တစ်ခုနဲ့တစ်ခုဟာ ချိတ်ဆက်နေတာမျိုးပါ။ ပေါ်လစီ ဆိုတဲ့ စကားရပ်ဟာ သင်ကြားရေး၊သုတေသန ၊ပုံနှိပ်ထုတ်ဝေရေး၊အုပ်ချုပ်ရေး တို့ ခရီးဆက်နိုင်ဖို့ အချုပ်််ဖြစ်ပါတယ်။ ဘယ်လိုစနစ်နဲ့ သွားကြမလဲဆိုတဲ့ System Set Up ဟာ Institution ရဲ့ ပေါ်လစီအပေါ်မူတည်ပါတယ်။ The Next 20 Years Later မှာ ဘာအသီးအပွင့်ကိုမြင်ချင်လဲဆိုတဲ့ အနာဂတ်အမြင် ပေါ်မူတည်ပြီး ပန်းတိုင် ကိုမရောက်ရောက်အောင် Objective တွေ Mission တွေ ချမှတ်ကြရတာဖြစ်ပါတယ်။ ဒီကနေ့မှာတော့ အခြားအကြောင်းအရာတွေထက် သင်ရိုးညွန်းတမ်း ၊ ပြဌာန်းစာအုပ် ၊ ဆရာကိုင် ၊ ဆရာလမ်းညွန် ၊ သင်ကြားရေးစီမံချက် ၊ အကဲဖြတ်စိစစ်သုံးသပ်ခြင်းဆိုတဲ့ အကြောင်းအရာကို အဓိက HighLight ထား ပြီး တင်ပြ မျှဝေပေးသွားမှာဖြစ်ပါတယ်။ အောက်က တွဲတင်ထားတဲ့ တစ်နာရီစာ သင်ကြားရေး (သင်ခန်းစာ စီမံချက်) ကိုနမူနာကြည့်ခြင်းအားဖြင့် စာရေးသူ ပေးချင်တဲ့ ပညာရေးသဘောတရားတွေ ပညာရေးသဘာ၀တွေ ပညာရေးစိတ်ပညာတွေ ကို သင်ကြားရေး ၊ သုတေသန နဲ့ ပုံနှိပ်ထုတ်ဝေရေးတို့အတွက် ဘ...